Iphone/Ipad/Ipod တွေမှာ .deb files တွေကို အင်တာနက်ကွန်နက်ရှင်မရှိပဲ
ကွန်ပျူတာမှတိုက်ရိုက်သွင်းနည်းလေးတင်ပြထားပါတယ်....။
Iphone/Ipad/Ipod တွေကို ကွန်ပျူတာမှ .deb files တွေသွင်းလို့ရအောင်
ပထမဆုံးအနေနဲ့  ifunbox ဆိုတဲ့ ဆော့ဝဲလ်လေးအရင် run ရပါတယ်....။
ifunbox ဆော့ဝဲလ်လေး ဒေါင်းပြီးရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း
အဆင့်အတိုင်း ဆက်လုပ်သွားပါ....။
ပထမဆုံး ကိုယ့်ဒေါင်းထားတဲ့  ifunbox ဆော့ဝဲလ်လေးကို
ဖွင့်လိုက်ပါ.....။ထို့ နောက် မိမိရဲ့ Iphone/Ipad/Ipod ကို ကွန်ပျူတာနဲ့  USB
ကြိုးလေးနဲ့  ချိတ်လိုက်ပါ....။ချိတ်လိုက်ပြီးဆိုရင်မိမိ device ကို
ifunbox ဆော့ဝဲလ်မှာ ဖော်ပြနေမှာပါ.......။မိမိ device ပုံကိုနှိပ်ပြီးရင်
raw file system ထဲကိုသွားပါ........။
raw file system ထဲကိုရောက်ပြီးဆိုရင် var ဖိုဒါထဲဝင်ပါ....၊
var ဖိုဒါထဲကမှတစ်ဆင့် Media ဖိုဒါထဲဝင်ပါ....။
Media ဖိုဒါထဲရောက်ပြီဆိုရင် new folder တစ်ခုဆောက်ပါ...။
ဆောက်လိုက်တဲ့  ဖိုဒါကို Cydia လို့နာမည်ပေးလိုက်ပါ....။
နာမည်ပေးပြီးရင် Cydia folder ထဲကိုဝင်ပါ....။
Cydia folder ထဲကိုဝင်ပြီးပြီဆိုရင် Autoinstall ဆိုတဲ့ 
နာမည်နဲ့  new folder တစ်ခုထက်ဆောက်ပါ.....။
အသစ်ဆောက်ထားတဲ့  Autoinstall ဆိုတဲ့  folder ထဲဝင်ပြီး
ကိုယ်သွင်းချင်တဲ့  .deb files အမျိုးအစားတွေကို
ကွန်ပျူတာကနေကော်ပီကူးပြီး ထည့်လိုက်ပါ.....။
မိမိလိုချင်သော .deb files များထည့်ပြီးပါက
ifunbox ဆော့ဝဲလ်ကို ပိတ်လိုက်ပါ....။
ထို့ နောက် ကွန်ပျူတာနဲ့  ချိတ်ထားတဲ့ မိမိ Iphone/Ipad/Ipod ကို
reboot (or) Power ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ......။
Power ပြန်တက်လာရင် မိမိရဲ့ Iphone/Ipad/Ipod ထဲမှာ
ကွန်ပျူတာနဲ့ ချိတ်သွင်းထားတဲ့ .deb files ရဲ့ application လေး install
လုပ်ပြီးနေတာကိုတွေ့ ရပါလိမ့်မယ်............။
အားလုံးအဆင်ပြေကြပါစေ....အဆင်မပြေပါကပြန်လဲပြောခဲ့ ပေးကြပါ......
ရေးသားသူ Suraj Sharma
0 comments:
Post a Comment
Note: Only a member of this blog may post a comment.