Monday, October 21, 2013

O&O Defrag Professional Edition v17.0.422.0


မိမိရဲ့ကွန်ပြူတာပေါ့ပါးစေဖို့ မလိုအပ်တဲ့ Junk ဖိုင်တွေကို Clean လုပ်ပေးပါတယ်။ သူငယ်ချင်းတို့
Defrag ဆောစ့်ဝဲကိုသုံးဖူးကြမှာပါ။ ဒါကတော့ သူနဲ့အမျိုးအစားချင်းအတူတူပါပဲ ဒီဇိုင်းလေးတွေကွဲသွား
ပါတယ်။ လိုင်စင်အတွက် Seial ကီးလေးပါအထဲမှာထည့်ပေးထားပါတယ်။ ကွန်ပြူတစ်လုံးအတွက်
အမြဲတမ်းလိုင်စင် ဖရီးဖြစ်နေမှာပါ။  စက်သန့်ရှင်းရေးလုပ်ပေးနေတဲ့အချိန်မှာ ခဏတော့ဘာမှမလုပ်ပဲ
စောင့်နေပေးပါ။ ဒါမှမဟုတ် ကိုယ်နားမဲ့အချိန်လောက်မှာ သူ့ကို play နှိပ်ပြီး လွှတ်ထားလိုက်ပေါ့။
ပြီးသွားရင် စက်ဘယ်လောက်ပေါ့သွားတယ်ဆိုတာ သူငယ်ချင်းတို့တွေ့မြင်ရမှာပါ။ သူငယ်ချင်းတို့
တနေ့တာ ဒါမှမဟုတ် တစ်ပတ်အတွင်း သုံးခဲ့သမျှနောက်ကွယ် မလိုအပ်တဲ့ ဖိုင်တွေကိုမိမိကွန်ပြူတာက
သိမ်းထားပေးပါ။ ဒီလိုသိမ်းထားပေးမှု မလိုအပ်တဲ့ဖိုင်တွေကြောင့် ၀င်းဒိုးတက်ရကြာခြင်း ၊ icon တွေ
လှုပ်ရှားမှုနှေးကွေးခြင်း စသည်နောက်ထပ်များစွာသော အနှောက်အယှက်တွေကြုံတွေရမှာပါ။
ဒါတွေကို နောက်ကွယ်ကနေအမြဲ ရှင်းလင်းပေးမဲ့ O&O Defrag ဆော့ဝဲပါ။ ၀င်းဒိုးသမားတွေအတွက်
ဆောင်ထားသင့်တဲ့ဆော့စ်ဝဲကောင်းတစ်ခုပါ။
ဖိုင်ဆိုဒ်ကတော့ 26MB ရှိပါတယ်။  Windows 32bit / Windows 64bit အတွက်ပါတင်ပေးထားပါတယ်။
မိမိ ကွန်ပြူတာနဲ့သက်ဆိုင်တဲ့ ဟာကိုရွေးပြီးဒေါင်းလိုက်ပါ
ပြီးရင် Serial ကီးလေးထည့်ဖို့ပါ ပါပါတယ်။ ဘယ်နေရာမှာထည့်ရမလဲဆိုတာ ပုံလေးနဲ့ပြထားပါတယ်။
ထည့်ပြီးသွားရင် သူငယ်ချင်းစက်တစ်လုံးအတွက် အမြဲဖူးလိုင်စင်လေးဖြစ်နေမှာပါ။


Simply, quickly, and securely, you can get the maximum performance out of your expensive hardware investments - and all this with only a tiny investment of time and energy! O&O Defrag Professional Edition for Windows-based workstations unlocks the hidden Performance of your computer.

O&O Defrag Professional will optimize your hard disk, securely repacking fragmented files together for more efficiency. In addition, O&O Defrag Professional Edition boasts outstanding usability and a myriad of important functions not found in any other defragmentation software platforms on the market today.
Here are some key features of "O&O Defrag Professional":
- World-exclusive Defrag Screensaver included
- Blazing system starts
- Up to 100% more speed
- Complete automation with O&O OneButtonDefrag
- Special support for notebooks
- Screensaver mode
- Automatic background defragmentation
- Support for removable drives
- Easy to use even without previous experience
- Five different Defrag methods

 - System with Intel Pentium 200MHz or equivalent
- 64 MB RAM
- 30 MB of free disk space
- VGA graphics card capable of running at a resolution of 800x600 with at least 256 colors
- Mouse and keyboard



 
နည်းပညာမြို့တော် 

Wednesday, September 18, 2013

Your Freedom Software အသုံးပြုနည်း

 
*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***
Your Freedom ဆော့ဖ်ဝဲ ဘယ်လို install ပြီး သုံးရမယ် ဆိုတာ ပြောပြချင်တယ်။ ဆော့ဖ်ဝဲ download ပြီး install ပြီးပြီဆိုရင် ကွန်ပျူတာကို web proxy ဖြစ်စေမယ် ပြီးတော့ SOCKS proxy လည်းဖြစ်စေမယ်။

ဆိုလိုတာက အင်တာနက်ပေါ် သွားတဲ့အခါမှာ Your Freedom ဆာဗာကို အရင်သွားမယ် ပြီးမှ ခင်ဗျားသွားလိုတဲ့ ၀က်ဘ်ကိုပို့ပေးမယ်။ ခင်ဗျားလိုချင်တဲ့ အချက်အလက်တွေ ယူပေးပြီး ဆာဗာမှတဆင့် ခင်ဗျားကွန်ပျူတာဆီ သိုသိုသိပ်သိပ် အရောက်ပို့ပေးမယ်။
Your Freedom ရဲ့အားကောင်းချက်က ဘယ် web browser နှင့်မဆို သုံးလို့ရတယ် တခြား chating တွေ အေးမေးလ်ဆော့ဖ်ဝဲတွေ အွန်လိုင်းဂိမ်း ဆော့ဖ်ဝဲတွေနှင့်လည်း တွဲသုံးလို့လည်းရတယ်။

ကဲ စလိုက်ရအောင်

ဆော့ဖ်ဝဲ ရအောင်အရင် လုပ်ရမှာပေါ့ ခင်ဗျားကြိုက်တဲ့ web browser တစ်ခုခု ဖွင့်လိုက်ပါ ကျွန်တော် Mozilla’s Firefox သုံးတယ် www.your-freedom.net ကို သွားမယ်။

ဆော့ဖ်ဝဲအကြောင်း ပင်မစာမျက်နှာမှာ တွေ့ရတယ်။ Your Freedom က ဘာလဲဆိုတာ စုံစုံလင်လင် သိချင်ရင် Docs နှင့် FAQ ဖတ်လိုက်ပါ။ လွယ်လွယ်နှင့် နားလည်နိုင်အောင် သုံးစွဲသူလမ်းညွှန် မှာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတယ်။ အဲဒါတွေ ဆွဲချပြီး ကြည့်ဖို့ အကြံပြုပါရစေ။

အခုတော့ Downloads ကို သွားရအောင်။ Your Freedom မှာ account ရှိဖို့လိုတယ်နော်။ မရှိသေးဘူးဆိုရင် account အသစ်ဖွင့်လိုက်ပါ။ ကိုယ်ရေးကိုယ်တာ အချက်အ လက်တွေ ပေးစရာ မလိုပါဘူး။ ဒါဟာ ရွေးချယ်လို့ရပါတယ်။

ဆော့ဖ်ဝဲ အသုံးပြုဖို့ username နှင့် password တော့လိုတာပေါ့။ Windows နှင့် Mac အတွက် version တွေရှိတယ်။ ကျွန်တော် 12 MB ရှိတဲ့ Windows Full Installer ကိုရွေးမယ်။ Mirror US ကို နှိပ် လိုက်တယ်။ ဖိုင်သိမ်းထားဖို့ လိုလိမ့်မယ်။ ကျွန်တော် သိမ်းထားလိုက်ပြီ။ ခင်ဗျား save ကို နှိပ်လိုက်ပါ။ သိမ်းထားတဲ့နေရာ သွားပြီး install လုပ်ရအောင်။ Your Freedom အိုင်ကွန် အပေါ် နှစ်ချက်နှိပ်လိုက်မယ်။ Run နှိပ်မယ်။ Allow ကို နှိပ်မယ်။ ကျွန်တော် Windows Vista OS ကိုသုံးတယ်။ ဒီ Installation Wizard က တော်တော်ကောင်းတယ်။

Next ကို နှိပ်မယ် Install လုပ်တဲ့အခါ လက်ရှိသုံးသူ သို့မဟုတ် user အားလုံးသုံးရအောင် ရွေးလို့ရတယ်။ ကျွန်တော်က အားလုံးသုံးရအောင်ကို ရွေးလိုက်တယ် Default directory မှာပဲ install လိုက်တယ်။ Next ကို နှိပ်မယ်။ Desktop ပေါ်မှာ Shortcut ပေါ်အောင် ရွေးပြီးတော့ install လိုက်တယ်။ install လုပ်တာ သိပ်ကြာမှာ မဟုတ်ပါဘူး။

Start Your Freedom ကိုရွေးစရာ ပေးထားပါတယ်။ ကျွန်တော်က ကိုယ့်ဟာကိုလုပ်ချင်တော့ ရွေးစရာကို မရွေးပဲ Finish နှိပ်တယ် ပိတ်လိုက်မယ်။ Desktop ပေါ်က Your Freedom ဖွင့်တဲ့ အိုင်ကွန်လေး ကို နှစ်ချက်နှိပ်ပြီး allow ကိုလည်း နှိပ်လိုက်ပါ။ ဘာသာစကား ရွေးရမယ့်နေရာရောက်ပြီ။ ကျွန်တော် English US ရွေးလိုက်တယ်။ ဒါဟာ Your Freedom ရဲ့ User Interface ပါပဲ။

ပထမ လုပ်ရမှာက အစီအစဉ်တွေ တည်ဆောက်ဖို့ပါ။ အစီအစဉ်လုပ်မယ့် ဒီနေရာမှာ ရွေးစရာ အားလုံးရှိတယ်။ ၀ဘ်ဆိုက်တွေ သိုသိုသိပ်သိပ် ကြည့်လို့ရအောင် အနှီးဆုံး ဆာဗာ အခုရှာရမယ်။ Use wizard ကို နှိပ်မယ်။ wizard က ချိတ်ရမယ့် ဆာဗာတွေ ရှာပေးပါတယ်။ ဆာဗာတွေ ရှာတွေ့ပြီဆိုရင် Next နှိပ်မယ်။ ခင်ဗျား proxy သုံးထားတယ်ဆိုယင် ဒီမှာ proxy လိပ်စာထည့်ရလိမ့်မယ်။ ကျွန်တော် မသုံးဘူးဆိုတော့ ထည့်စရာမလိုဘူးပေါ့။ Try to auto-detect လည်းရွေးလို့ရတယ်။ Next နှိပ်လိုက်မယ်။ Your Freedom က စီစစ်မှုတွေ ကျော်လွှားနိုင်ဖို့။ ခြားနားတဲ့ ဆက်သွယ်ရေးဗျူဟာ သုံးတယ်။ next နှိပ်လိုက်မယ် အင်တာနက် သိုသိုသိပ်သိပ် သုံးနိုင်အောင် အနှီးဆုံးနှင့် အကောင်းဆုံး ဆာဗာတွေ ရှာပေးနေတယ်။

အသုံးပြုဖို့ အဆင်သင့်ဖြစ်တဲ့ထိ ဒီဟာကို ဒီတိုင်းခဏစောင့်မယ်။ ဒါတွေဟာ အသုံးပြုနိုင်တဲ့ ဆာဗာတွေပါပဲ။ ဆာဗာနာမည်ရယ် လိပ်စာရယ် ဘယ်နိုင်ငံက ဖြစ်တယ်ဆိုတာရယ်။ ဘာဆက်သွယ်ရေး နည်းဗျူဟာတွေ သုံးနိုင်တယ် ဆိုတာတွေပါပါတယ်။ ကျွန်တော်က US မှာ နေတာဆိုတော့ အနှီးဆုံး ကို ရွေးလိုက်မယ်။ ကိုယ်ရွေးချင်တဲ့ ဟာပေါ်မှာ နှိပ်ပြီး next သွားမယ်။ ဒီနေရာမှာ ခင်ဗျား username နှင့် password ထည့်ရမယ်။ ခုနက ရထားပြီးသားနော် မရှိဘူးဆိုရင် Your Freedom website သွားပြီး ဖန်တီးလိုက်ပါ။ ရပြီဆိုရင် ထည့်လိုက်မယ်။ Next နှိပ်မယ် အားလုံးအဆင်ပြေရင် Save နှိပ်ပြီး exit   နှင့်ထွက်လိုက်ပါ။

Save ပြီးမှ exit နော် Start the connection နှိပ်လိုက်မယ် Disconnect ဖြစ်ရင် reconnect ပြန်နှိပ် လိုက်ပါ။ လူသားဖြစ်မှန်း သိအောင်လို့ ဒီလိုလုပ်ခိုင်းတာပါ ဒီမှာပေါ်တဲ့ ဂဏန်းတွေ ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ။ ပွင့်နေတဲ့တံခါး အိုင်ကွန်တွေ့ရင် အချက်အလက် ရယူတာ ပို့တာတွေလုပ်နိုင်ပါပြီ User interface ဖွင့်ထားစရာ မလိုပါဘူး ပိတ်လိုက်လို့ရပါပြီ အောက်ညှာဘက်မှာ Your Freedom အိုင်ကွန်ရှိနေမှာပါ။



Sunday, September 15, 2013

Paypal account ဖွင့်နည်း....

Paypal account ဖွင့်နည်း

ကျွန်တော်တို့ Myanmar နိုင်ငံ ကနေ Paypal Account ဖွင့်မယ်ဆိုရင် Proxy ကျော်မှ ဖွင့် လို့ရပါတယ်။
Proxy ကျော်ဖို့ အတွက် Your Freedom software ကို သုံးပါမယ်။
Your Freedom software ကို ဖို့ အတွက် yourfreedom.net မှာ အရင် Register လုပ်ရပါမယ်။

1)  ဒီLink ကိုနှိပ်ပါ။
2)  click here to register ကို နှိပ်ပါ။
 3)  မျှား ပြထားတာ အကုန် ဖြည့် လိုက်ပါ။
4) သည်အဆင့်ရောက်ရင် မိမိ register လုပ်ထားတဲ့ Gmail ထကိုသွားပါ
 
5)  click the link
 
6) click the link

7)  click the activate account button
 8) Login ၀င်လိုက်ပါ
     Download ကိုနှိပ်ပါ
     Latest version   ကိုနှိပ်ပါ
     Download လုပ်ပါ။
 9download ပြီးသွားရင် စက်ထဲမှာ install လုပ်ပါ။
       Myanmar version ပါ။ Language မှာ Myanmar လို့ ထားလိုက်ပါ။

Your freedom အသုံးပြုပုံ သိချင်ရင် အောက်က link ကို နှိပ် လိုက်ပါ။



(your Freedom အသုံးပြု နည်း)








 10) firefox မှာဆိုရင် Option > Network > Setting ပြီရင် ပုံမှာပြတဲ့ အတိုင်း ထားပြီး Ok နှိပ်လိုက်ပါ။

11)  ဒီLink ကိုသွား myanmar နေရာ သင်တို့ရွေးထားတဲUk or Us or something ဖြစ်နေပါလိမ့် မယ်

 12)  Paypal account ဖွင့် လိုရပါ ပြီ။  Link ကိုနှိပ်လိုက်ပါ။
13)   Signup ကို နှိပ်လိုက် ပါ။
 country နေရာမှာ ကြိုက် တာထားပါ။ get started ကို နှိပ်ပါ။
14)  ဒီ အဆင့် က အရေးကြီးပါတယ်။ user name, email, တို့ က ကြိုက်တာဖြည့်လို့ရပေမယ့် Address , state ,postal code etc ...... မှားလို့ မရပါဘူး။ မှားလျှင် paypal က account ကို limited လုပ်လိုက်ပါလိမ့်မယ်။ အဲ လိုမဖြစ်အောင် ကျွန်တော် ပြောတဲ့အတိုင်း တိတိ ကျကျ လုပ်ပေးပါ။
 
  ကဲဒီ  link ကိုတစ်ချက် နှိပ်ပေးပါ။
 
 Paypal မှာရွေး ထားတဲ့ country ကိုရွေး ပြီးတော့ generate လုပ်လိုက်ပါ။
ဒါမျိုးတွေရ ပါလိမ့် မယ်

Copy ကူး ပြီး paypal registaration ဖြည့် လိုက်ပါ ။Ph no က အစ သူ့ ဟာ ပဲထည့်ပါ။

ဒီ အဆင့် ရောက် ရင် credit care ရှိရင်ဖြည့်လိုက်ပါ ။ မရှိရင် go to my account ကို နှိပ်လိုက်ပါ။
Finished Your Paypal Registeration
 မှတ်ချက် paypal သုံးတိုင်း yourfreedom သုံးပါ။


အဆင်မပြေပါက aungkomobile@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ...


Monday, September 9, 2013

အင်တာနက်မှာပိုက်ဆံရှာနည်း ( free )(100% work)

အခုပြောမှာကတော့  (PTC) အကြောင်း ပါ၊

PTC မိတ်ဆက်

PTC ဆိုက်ဆိုတာ ဘာ လဲဆိုတာကို သိအောင် ဒီမှာ ရှင်းပြမယ်၊ (PTC = Paid To Click)  မြန်မာလိုဘာ သာ ပြန်ရင် ကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ သဘောပါ။ PTC Website တွေ စတင်ပေါ်ပေါက် လာတာကတော့ 2007-2008 ကတည်းကပါ။ အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊ အဲဒိ Website ကုမ္မဏီတွေ က သူ တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာ ချင်ကြပါတယ်၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး  နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ Online ဈေး ကွက်မှာ ကြော်ငြာ ခြင်းပါပဲ။ ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့ သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website  တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ ကြော်ငြာ
နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့   နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook,  အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့  အဲ့ဒိ  Social  ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ်၊ ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ  ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြ တော့ပါတယ်။ ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ  တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး၊ အဲ့ဒိလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊  အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊ ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊  ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊ ကြော်ငြာ တဲ့သူကလည်း သူ့ကြော်ငြာကို  လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊ အဲ ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ ကျွန်တော်တို့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ ဖြစ်တည်မူပါပဲ။


သတိပြုစရာ အချက်များ

ကျွန်တော် အထူးသတိပေးချင် တာက အွန်လိုင်းပေါ်မှာ PTC Website ၁၅၀.၀၀၀  ကျော်ကျော် ရှိပါတယ် ။ ဒါပေမဲ့ တကယ်ပိုက်ဆံ ပေးတဲ့ဆိုက်က အတော့ကို နည်းပါတယ်။ နောက်ပြီး Internet ဆိုတာ  ယုံကြည်စိတ်ချရတဲ့ဆိုဒ် အမှန်တကယ်ရိုးသားပြီး  ပြောရင် ပြောတဲ့ အတိုင်းလုပ် တဲ့ဆိုဒ်များအတော်ကိုရှားပါတယ်။  (Internet Is Full of Scam) ကျွန်တော် ပြောတာ ကို မယုံရင်လဲ ကို့ဟာကို လေ့လာကြည့်နိုင်ပါတယ်။  တစ်ချို့ အခွင့်အရေး ရှာနေတဲ့သူတွေက PTC Website အတုတွေ ဖွင့် တယ်။ ခင်ဗျား တို့ဆီက ၀င်ကြေး တောင်းလိမ့်မယ် ပြီးရင် ပြောက်သွားရော၊ တစ်ချို့ ပိုလို့တောင်ဆိုးသေးတယ်၊ ခင်ဗျား ကို သုံး လလောက်အလုပ်ခိုင်းပြီး ပြီးရင် ခင်ဗျား ငွေလဲထုတ်ရော ခင်ဗျားကို ဘာ မှ အကြောင်း မပြန်တော့ဘူး၊ အဲ့ဒီ့တော့ ကျွန်တော် အ ကြံပြုချင်တာက ကျွန်တော် ပြော တဲ့ဆိုက်တွေကို အရင်လုပ်ပါ။ အတိအကျလေ့လာ ပြီး နှစ်အတော် ကြာပြသာနာ မရှိတဲ့ဆိုက်တွေကို ကျွန်တော် တင်ပြထား တာပါ၊ ဒါပေမဲ့ ကို့ပါကို လေ့လာချင်ရင် လဲ သဘော ပါ သတိထား ပါလို့ပဲ ပြော ပါရစေ။
ဒီမှာ နောက်ဆုံး အနေနဲ့ ပြော ချင်တာက တော့၊ PTC Website တွေဟာ အစမှာ ငွေနည်းနည်း ပဲဝင်ပါတယ်၊ Site တစ်ခု ကို တစ်လ $1.5 နေ $2 အထိပဲ ၀င်ပါတယ်၊ ဒါပေမဲ့  Site 5ခု မှ 10ခု  လောက် ချိတ်ထားနိုင်ရင် တော့ တစ်လ $15 - $20 ၀န်းကျင်ရပါလိမ့်မယ်၊ ဒါပေမဲ့ တစ်နေ့ကို မိနစ် 20 ထက်ပိုပြီး အလုပ်လုပ်စရာ မလိုပါဘူး၊  PTC ဆိုက်ရဲ့ သဘောက လွယ် တယ်၊ လက်ချောင်းတစ်ချောင်း ရှိရင် အလုပ်လုပ်လို့ရ တယ် ဒါပေမဲ့ ငွေဖြည်းဖြည်း ချင်းပဲရှာ လို့ရမယ်။ တစ်လမှ $20 ထဲဆိုလို့ စိတ်မညစ်သွားပါနဲ့ ၊ ကျွန်တော် တို့ ဆိုက်ရဲ့ငွေရှာ ဖွေရေး အစီအစဉ် တွေရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်၊ ၀င်ငွေ တိုးအောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်။


PTC Website တော်တော် များများ ကတော့ တစ်ပါတ် တစ်ကြီမ် Cashout/Withdraw လုပ်လို့ရပါ တယ်။
Minimum Cashout/Withdraw = $2
Maximum Cashout/Withdeaw = No
Cashout/Withdraw Period = one time/ week
Cashout/Withdraw Fees = 3% to 5%


PTC စည်းကမ်းချက်များ

PTC Website တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။၎င်းစည်းကမ်းများကိုမလိုက်နာရင်တော့  ကိုယ့်အကောင့်ကိုယာယီထိန်းသိမ်းခြင်းသော်လည်းကောင်း၊အမြဲတမ်းထိန်းသိမ်းခြင်း သော်လည်းကောင်း  အရေးယူခံရနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင်ဒီလိုမဖြစ်ရအောင်
စည်ကမ်းချက်များကို ဖော်ပြပေးသွားမယ်။

ကွန်ပျူတာ တစ်လုံးအကောင့်တစ်ခုနှုန်း

PTCWebsite
 တွေဟာအိမ်ကနေပိုက်ဆံရှာဖို့လုပ်ပေးထားတဲ့အတွက်ကွန်ပျူတာတစ်လုံးကို အကောင့်တစ်ခုပဲလုပ်ခွင့်ပေးပါတယ်။ တစ်ခုထက်ပိုသော အကောင့်များကို ယာယီပိတ်ပစ်ခြင်းသော်လည်းကောင်း၊ အမြဲတမ်းပိတ်ပစ်ခြင်းသော်လည်းကောင်း   လုပ်ခံရနိုင်ပါတယ်။

အင်တာနက်ဆိုင်များမှ အသုံးပြုခြင်း

စည်းကမ်းချက်များထဲမှာ အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုခြင်းကိုလက်မခံ သော်လည်း တကယ်တမ်း သုံးလို့ရပါတယ်။ အဒိ Computer တွေမှာ Account မဖွင့်ထားဘူး ဆိုရင် ရပါတယ်။

Proxy အသုံးပြုခြင်း

login ဝင်ဖို့ proxy သုံးနိုင်သော်လည်း ကြော်ငြာကြည့်ဖို့ အသုံးပြုခြင်းလက်မခံပါ။
၎င်းဟာ ဘာကိုညွှန်းတာလဲဆိုတော့ ဥပမာ ကိုယ်ကမြန်မာနိုင်ငံကနေ  အကောင့်လုပ် နှိပ်နေတယ်။  နိုင်ငံခြား ရောက်သွားရင်လည်း   ဒီဆိုဒ်ကို အသုံးပြုနိုင်တဲ့သဘောပါ။  ဒါကြောင့်လက်ခံတာပါ။  ဘာကြောင့်ပြောတာလဲဆိုတော့   တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ အိုင်ပီနံပါတ်များမတူသလို  အချိန်များလည်း မတူညီကြပါ။ ဒါပေမယ့် မြန်မာနိုင်ငံ ကနေ ပိုက်ဆံ ထုတ် ပြီဆိုရင်တော့ proxyကျာ်ကိုကျော်ရမှာပါ ဘာကြောင့်လဲဆိုတော့ Cyber Banking ဖြစ်တဲ့ Paypal က ကျွန်တော်တို့ မြန်မာ IP address နဲ့ ခွင့်မှ မပြုတာ။

(အောက်မှာ Paypal Account ဖွင့် နည်း နှင့် မိမိ လက်ထဲ ပိုက်ဆံ ရအောင်ထုတ် နည်းကို ပြည့်ပြည့် စုံစုံ ဖော်ပြပေးသွားပါမည်။)

အလိုအလျောက်နှိပ်သော ဆော့ဖ်ဝဲအသုံးပြုခြင်းကို လက်မခံခြင်း

အချို့သော ကိုယ်တိုင်နှိပ်ရမှာပျင်းတဲ့သူများက  အလိုအလျောက်နှိပ်ပေးတဲ့ ဆော့ဖ်ဝဲများကို  အသုံးပြုကြပါ တယ်။ ထိုသို့အသုံးပြုခြင်းကို PTC Website များက လက်မခံပါဘူး။ စစ်ဆေးတွေ့ရှိက အရေးယူခြင်းခံရမှာပါ။


ငွေကို ဘယ်လိုထုတ်မလဲ

အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း စသည်များကို ခြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့Cyber Banking Website များရှိပါတယ်။ eg : Paypal, Payza or Alertpay, Neteller, Egopay, libertyreserve etc.....
ကျွန်တော် ကတော့ Paypal ပဲ အသုံးပြုပါ လို့ အကြံပေးချင်ပါတယ်။
(Paypal Account ဖွင်းနည်းကို ပြည့်ပြည့်စုံစုံ Post တင်ပေးပါမယ်။)

Startup Now 

 မှက်ချက်။     ။signup လုပ်ချိန်တွင် Paypal email နေရာတွင် အဆင်ပြေတဲ့ email တစ်ခုခု (သို့) ကွပ်လပ် အတိုင်း ထားလို့ရပါတယ်။ ကြိုက်တဲ့အချိန် ပြင်လို့ ရပါတယ်။

    Probux

PROBUX ပါကြော်ငြာ ကြည့်ငွေရှာ ဆိုက်ပါပဲ၊ ငွေပေးတိကျတယ်၊ အရှုပ်အရှင်းကင်းတယ်၊ Neobux  ထက်တောင်ငွေ ပိုပေးတယ်၊ လူကြိုက်များတယ်၊ အကောင့်ဖွင့်ချင်ရင်အောက်ကပုံကိုနှိပ်၊   ဒီမှာနှိပ်လည်းရပါတယ်

 


PTC Strategy Guide  (OR)  ၀င်ငွေတိုးအောင် လုပ်နည်း   

  သည် အကြောင်းကိုပြောတော့ မယ်ဆိုရင် Referral အကြောင်း မှ စပြောမှ ရမှာပါ။

Referral မှာ Direct Referral နှင့် Rental Referral ဆိုပြီး နှစ်ခု ရှိတယ်။

Direct Referral 

Direct Referral ကတော့  ကိုယ်လုပ်ထားတဲ့ အကောင့်နဲ့ အခြားသူများကို ညွှန်းပြီး အကောင့်လုပ်ကြော်ငြာကြည့်ခိုင်းခြင်းဖြင့် ၄င်း နှိပ်သောသူများထဲကမှ တစ်ဝက်ကို ကိုယ်ကရရှိ တာကိုပြောတာပါ။ တစ်နည်းပြောရရင် ကိုယ်က Sponsor လုပ်တဲ့သဘောပေါ့။ ရှင်းရှင်း ပြောရရင် ခင်ဗျားတို့ အပေါ်က ကျွန်တော်ပေး ထားတဲ့ Link ကနေ Register လုပ်လိုက်တယ် ဆိုပါတော့။ ခင်ဗျား တို့သည် ကျွန်တော့ ရဲ့ Downline မှာရှိတယ်။ သည်တော့ Sponsor ဖြစ်တဲ့ ကျွန်တော် က ခင်ဗျားတို့ ရတဲ့ ပိုက်ဆံ ရဲ့ 50% ကို ရပါ တယ်။ ဒါပေမယ့် ခင်ဗျားတို့ Downline မှာရှိ တဲ ခင်ဗျားတို့ရဲ့ direct referral (သို့) rental referral တွေ ရဲ့ % ကိုတော့ ကျွန်တော် မရပါဘူး။ 
ခင်ဗျားတို့ register လုပ်ထားတဲ့ PTC site ရဲ့ Direct referral Link ကို လိုချင်တယ် ဆိုရင်တော့ Banner or Your refer link or Home page ထဲ မှာ ပြထားတတ်ပါ တယ်။
ဥပမာ အားဖြင့်  http://www.neobux.com/?r=usernamexxxx (or) http://www.neobux.com/?rh=61756E676B7961777A6177373739  မျိုးပါ
Direct Referral ရဖို့ နည်း လမ်းတွေ ပြောရမယ်ဆိုရင်တော့ ပြောလိုတောင် ကုန် မှာမဟုတ်ဘူး တစ်ချို့တွေ က Internet Traffic အကြောင်းကိုကောင်းကောင်း သိတယ်၊
တစ်ချို့တွေ က လုံးလုံး မသိဘူး။ ကဲ မသိသေးတဲ့ သူတွေကတော့ Social site တွေ ဖြစ်တဲ့ facebook မှာ ဘာညာဘာညာ ပွားပေါ့။ သူငယ်ချင်း၊ မိသားစု စသည်ဖြင့် ပြောပေါ့၊ နောက်ထပ် direct referral လွယ်လွယ် ရမယ့် နည်းလမ်း ကတော့ http://www.getref.com and http://www.programrefs.com အဲဒိ ကိုသွား Register လုပ် ဘယ်လို သုံးရမှန်းမသိရင် FAQ မှာ ရှာဖတ်။

Rental Referral
Rental Referral  အကြောင်းကတော့ ရှင်းပါတယ်။ PTC site တွေမှာ Rent referral ဆိုပြီးတွေ့ရပါလိမ့်မယ်။ Refer တစ်လိုင်းကို $0.2 နဲ့ Rent လုပ်နိုင်ပါ တယ်။ Renter referral တွေ ကဘာတွေ လည်းဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့လို Member တွေပါဘဲ။ တနည်းအားဖြင့် sponsor မရှိပဲ Direct Signup Mamber တွေပါ။ တစ်ပါတ်ကို တစ်ခါပဲ ၀ယ်ခွင့် ပြု ပါ တယ် ။ မိမိ ပိုက်ဆံရှိ သလောက် ၀ယ် လို့ရပါတယ်။

PTC Strategy Guide  (OR)  ၀င်ငွေတိုးအောင် လုပ်နည်း ကအခုမှ စမှာပါ။  

Zero Investment Strategy

ကဲကျွန်တော် Probux ကို ဥပမာပေးပြီးရှင်းပြ ပါမယ်။ ကြော်ငြာ Link တွေ အားလုံးကိုကြည့်လိုက်ပါ။  
$0.06 ရပါလိမ့်မယ်။ $1.0 ရတဲ့ ထိ နှိပ်ပါ။
ရတဲ့ $1.0 ကို main balance ကနေ rental balance ထဲကို transfer လုပ်လိုက်ပါ။
rent refer မှာ refer 3 လိုင်း ၀ယ်လိုက်ပါ။
rented referral page မှာ AutoPay ကို Turn On လုပ်ထားလိုက်ပါ။
rental balance ထဲမှာ ပိုက်ဆံ အမြဲဖြည့်ထားပါ။ 
တကယ်လို့ Refer Avg Click က 2avg အောက် ရောက်နေရင်သော် လည်းကောင်း၊ inactive မဖြစ်ရင် သော်လည်းကောင်း Recycle လုပ်လိုက်ပါ။ မှတ်ချက်  ၂ရက်-၃ရက်လောက်တော့ စောင့် ကြည့်သင့်တယ်။
ပိုက်ဆံ လုံးဝ မထုတ် ပါနဲ့
rent refer များဝယ်နိုင်လေ ပိုက်ဆံပိုရလေ၊ပိုက်ဆံပိုရလေ rent refer များများဝယ်နိုင်လေဖြစ်ပါတယ်။
rent refer အရေအတွက် 200 ရောက်ရင်တော့ refer ၀ယ်တာရပ်လိုက်ပါ။
ရှိ ပြီးသား refer တွေ ကို Maintain (avg ကို 2 ကျော်အောင်လုပ်ပါ)လုပ်ရင်းနဲ့ $70 ရတဲ့ အထိ စုပါ။
$70 ရရင် account ကို golden member ဖြစ် အောင် upgrade လုပ်လိုက်ပါ။
rent refer တွေ ဆက် ၀ယ်ပါ။ rent referအရေအတွက် အရေအတွက် အရေအတွက်အရေအတွက် 800-1000ရောက် ရင် Ultimate account ဖြစ်အောင် upgrade လုပ်လိုက်ပါ 
rent refer 4000 ရတဲ့ ထိ ၀ယ်ပါ
ကဲ နောက်ဆုံ အဆင့် ကတော့ rent referal တွေကို maintan လုပ်ရင်းနဲ့ Cash out လုပ်ပေါ့ ဗျာ...........
CASH OUT AGAIN AND AGAIN       

Standard Members:

200 Referrals x $0.005 x 4 Ads per day = $4.00 per day (earning from rental referrals)
 
Golden Members:

200 Referrals x $0.01 x 4 Ads per day = $8,00 per day
1000 Referrals x $0.01 x 4 Ads per day = $40,00 per day 
2000Referrals x $0.01 x 4 Ads per day = $80,00 per day 

Ultimate Members:
4000 Referrals x $0.01 x 4 Ads per day = $160,00 per day ($57,600 per year)


ကဲသည်လောက်ဆိုတော်တော် သဘောပေါက်မှာပါ

 

Related Posts Plugin for WordPress, Blogger...